ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ  ဥတ္တမခန်းမ၌ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၅ စုရှိ ကျေးရွာကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ပြီး လေဘေးသင့် ပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိစေရေး၊ စနစ်တကျဖြန့်ဝေနိုင်ရေး အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်အားဖူးမြော်ကြည်ညိုပြီး မုန်တိုင်းကြောင့် အမိုးလန်ပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း ၇ ကျောင်းအတွက် ပြန်လည်ပြုပြင် ရန်လိုအပ်သော အမိုး သွပ်များ၊ ဆွမ်းဆန်တော်များနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်း ဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းသော နဝကမ္မအလှူတော်ငွေများ အား ကျောင်းထိုင်ဆရာတော်များထံ ဆက်ကပ်လှူဒါန်းသည်။

အလားတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုး သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မိုခါ မုန်တိုင်းကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတော်မှ ထောက်ပံ့ သော ထောက်ပံ့ပစ္စည်းများနှင့် ထောက်ပံ့ငွေများအား လေဘေးသင့်ပြည်သူများထံ မြန်ဆန်ထိရောက်စွာ ဖြန့်ဝေရာ၌ သဘာဝဘေးပြန်လည်ထူထောင်ရေးမူဝါဒနှင့် အညီဖြစ်စေရေး လုပ်ငန်းများဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများအနေဖြင့် အရှိန် အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်စေရန် စသည်ဖြင့် ဆွေးနွေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိသည်။