နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီး သွားရောက်လေ့လာ

နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များ ချောင်းသာကမ်းခြေနှင့် ငပလီကမ်းခြေများသို့ အပန်းဖြေခရီး သွားရောက်လေ့လာ

နေပြည်တော်၊ ဇွန် - ၁၁

              နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိရာမှ ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သား အရာရှိ၊ စစ်သည်များအား အနားယူ အပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေနှင့် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေများသို့ ယနေ့တွင် တပ်မတော် လေယာဉ်များ၊ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့သည်။

              ထိုသို့ ပို့ဆောင်ပေးလျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက ကြိုဆိုကြပြီး ချောင်းသာ အပန်းဖြေဧည့်ရိပ်သာတွင် တည်းခိုနေထိုင်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးပြီး ဒေသထွက် စားသောက်ဖွယ်ရာများဖြင့် တည်ခင်း ဧည့်ခံသည်။

              အလားတူ ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေသို့ ရောက်ရှိလာသော အရာရှိ၊ စစ်သည်များအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများက ကြိုဆိုကြပြီး ငပလီမြို့အပန်းဖြေစခန်း(လင်းသာ)တွင် တည်းခိုနေထိုင်နိုင်ရန်စီစဉ်ဆောင်ရွက်ပေးပြီး ဒေသထွက်လက်ဆောင်ပစ္စည်းများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။