တောင်ကြီးမြို့(ပြည်နယ်အဆင့်) ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲပြုလုပ်

တောင်ကြီးမြို့(ပြည်နယ်အဆင့်) ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲပြုလုပ်

နေပြည်တော်၊ ဇွန်  - ၁၂

    ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့(ပြည်နယ်အဆင့်) ၂၀၂၃ ခုနှစ်၊ မိုးရာ သီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ကန်ကြီးရပ်ကွက်၊ တောင်ကြီး-ဟိုပုံးသွား ကားလမ်းဘေး၊ လွိုင်ခမ်းအိမ်ယာစီမံကိန်းအနီးရှိ တောင်ကြီး (ထင်းကြိုးဝိုင်း)၌ ပြုလုပ်ရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ တောင်ကြီးတပ်နယ်မှ အရာရှိ၊ စစ်သည်များ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများ၊ တက္ကသိုလ်အသီးသီးမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူမှု ရေးအသင်းအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

     ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဒုတိယတိုင်းမှူးတို့က ပျိုးပင်များကို တက်ရောက်လာကြသူများအား ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက ရတနာ တန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ်ရလေကာ ပင်များကို စုပေါင်းစိုက်ပျိုးကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူး နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။