၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်းဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၂

    ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲကို ယနေ့ညနေပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မြေပြင်အတတ်သင်လေတပ်စခန်းဌာနချုပ် ဘောလုံးအားကစားကွင်း၌ ပြုလုပ်ရာ လေကြောင်းအတတ်သင်လေတပ်စခန်းဌာန ချုပ်၊ လေတပ်စခန်းဌာနချုပ်မှူး၊ မိတ္ထီလာတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစားဝါသနာရှင် များ တက်ရောက်ကြသည်။

       ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင်လေတပ် စခန်းဌာနချုပ်၊ လေတပ်စခန်းဌာနချုပ်မှူးက အဖွင့်အမှာစကားပြောကြားပြီးနောက် ပြိုင်ပွဲအဖွင့်ပွဲစဉ်ဖြစ်သည့် မြေပြင်အတတ်သင်လေတပ်စခန်း ဌာနချုပ်အသင်းနှင့် မြိတ်လေတပ်စခန်းဌာနချုပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေး ကြသည်။

      အဆိုပါ ၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ကို တပ်မတော်(လေ) ကွပ်ကဲမှုအောက်ရှိ လေတပ်စခန်းဌာနချုပ် ၁၁ ခုနှင့် လေတပ် စခန်း ၃ ခုတို့မှ စုစုပေါင်းကိုယ်စားပြုအသင်း ၁၄ သင်းအား အုပ်စု ၂ စုခွဲပြီး ဇူလိုင်လ ၇ ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။