မော်လမြိုင်တက္ကသိုလ် နှစ်(၇၀)ပြည့်အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

မော်လမြိုင်တက္ကသိုလ် နှစ်(၇၀)ပြည့်အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်၊ မေ - ၁၂

     မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်တက္ကသိုလ် နှစ်(၇၀)ပြည့်အထိမ်း အမှတ် စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ဘက်စုံ ခန်းမ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်အဆင့် မြင့်ပညာကျောင်းများမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ မော်လမြိုင်တက္ကသိုလ်ကျောင်းသားဟောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

    ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင် တက္ကသိုလ်နှစ်(၇၀)ပြည့်အထိမ်းအမှတ်အတွက် ထောက်ပံ့ငွေများပေးအပ်ရာ အဆိုပါ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ယဉ်မျိုးသူ က လက်ခံရယူသည်။

     ထို့နောက် စကားဝိုင်းဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တက္ကသိုလ်မှ ပါမောက္ခ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားဟောင်းများက တက္ကသိုလ်နှစ်(၇၀)ပြည့်နှင့်ပတ်သက်၍ အသီးသီးဆွေးနွေးကြသည်။

       ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။