အနောက်တောင်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ
နေပြည်တော်၊ ဇွန် - ၁၂
အနောက်တောင်တိုင်းစစ်ဌာနချုပ် ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားရုံ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူး နှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ပွဲစဉ်များဖြစ်သည့် (၃)ယောက်တွဲပြိုင်ပွဲတွင် စခန်းရုံး၊အနောက်တောင်တိုင်းစစ်ဌာနချုပ် အသင်းနှင့် မအူပင် တပ်နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုများ၊ (၂)ယောက်တွဲပြိုင်ပွဲတွင် နယ်မြေခံ ထောက်ပံ့ နှင့်ပို့ဆောင်ရေးအသင်းနှင့် ပုသိမ်တပ်နယ်(ခ)အသင်းတို့ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှု အားပေးသည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်း(၁၀)သင်းဖြင့် ဇွန် ၂၁ ရက်နေ့အထိ ကျင်းပ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။