ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၃

          ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းကြီး ကြပ်ရေးအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အောင်သစ္စာရပ်ကွက်ရှိ တာပုံစစ်မှုထမ်းဟောင်းခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် လူသုံးကုန် ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ရာ ပြည်နယ်စစ်မှုထမ်း ဟောင်းကြီးကြပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြသည်။

          ထို့နောက် တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ် နယ်မြေခံ ဆေးကုသရေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ ECG ၊ Ultrasound  စက်များဖြင့် ရောဂါရှာဖွေစမ်းသပ်ပေးခြင်းများ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။