ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ခဲ့သည့်ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေး အန္တရာယ်ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ  တောင်ရင်းရပ်ကွက်ရှိ ဗောဓိသိပ္ပံ ဘုန်းတော်ကြီး ကျောင်းနှင့် စေတီတောင်ရပ်ကွက်ရှိ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်၍ ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး နဝကမ္မအလှူငွေများနှင့် စားသောက်ဖွယ်ရာများ ဆက်ကပ်လှူးဒါန်းကြသည်။ ထို့နောက် ၎င်းဘုန်းတော်ကြီး ကျောင်းများ၌ ဖွင့်လှစ်ထားရှိသည့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးစာအုပ်များနှင့် စာရေးကိရိယာများ လှူဒါန်းကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးပြီး အစိုးရရပ်ကွက်ရှိ ပိတ်ဆို့နေသောရေနုတ်မြောင်း ပြန်လည်ထူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ယင်းနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဘာသာရေးကျောင်းများနှင့် သာသနိကအဆောက်အဦများ ပြန်လည်ပြင်ဆင်ရန် အလှူငွေပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိက အဆောက်အဦများ ပြန်လည်ပြင်ဆင် ပြုပြင်ရန်အတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဂေါပကများကို အလှူငွေများ ပေးအပ်လှူဒါန်းသည်။

အလားတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ မြို့သစ်တောင်ရပ်ကွက်ရှိ  မြို့မဈေး၏အနောက်ဘက် ကမ်းနားလမ်း၌ ဌာနဆိုင်ရာ ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး ကင်းတောင်ကျေးရွာအုပ်စု၊ ဒုံးသိမ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ မုန်တိုင်း ဒဏ်သင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို သွားရောက် ကြည့်ရှုအားပေး၍  ကျေးရွာ အုပ်စု ၃ စုရှိ ဒေသခံပြည်သူများနှင့် ကျေးရွာ ကိုယ်စားလှယ်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့တူ ရခိုင်ပြည်နယ်၊ မြေပုံမြို့သို့ ရောက်ရှိနေသော ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယင်းမြို့ရှိ ဘာသာရေး ကျောင်းများ၏ အကျိုးတော်ဆောင်အဖွဲ့ဝင်များအား မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ တွေ့ဆုံ၍ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းပေးပြီး မြေပုံမြို့၊ တောင်ပေါ်ရပ်ကွက်ရှိ မုန်တိုင်းကြောင့် ပျက်စီးခဲ့ရသော ဘာသာရေး ကျောင်းအား အမြန်ဆုံးပြန်လည် ပြုပြင်ပြီးစီးနိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။