၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ ပေးအပ်

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားမည့်  ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ ပေးအပ်

နေပြည်တော်၊ ဇွန် - ၁၄

             ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပညာသင်ကြားကြမည့် အရှေ့အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်၊ ခိုလမ်တပ်နယ်ရှိ ကျောင်းသား/ကျောင်းသူများအား ကျောင်းဝတ်စုံများ၊ ကျောင်းသုံး စာရေးကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အောင်ဇေယျခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

             ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူ များက ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းများတွင် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား  ကျောင်းဝတ်စုံများ၊ ကျောင်းသုံး စာရေးကိရိယာများနှင့် ပညာသင်စရိတ်များကို ထောက်ပံ့ပေးအပ်ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။

             အလားတူ တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီးတွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာတပ် နယ်အသီးသီးရှိ တာဝန်ရှိသူများက  ကျောင်းဝတ်စုံများ၊ ကျောင်းသုံးစာရေး ကိရိယာများနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိသည်။