မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်း

နေပြည်တော်၊ ဇွန် - ၁၄

        မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ မွန်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့သွေးလှူရှင်များနေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ရှိ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ သွေးအလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

        ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက သွေးလှူမှုအကြိမ်ရေအများဆုံး ဖြစ်သည့် ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

        ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီး(ခုတင်-၅၀၀)အမျိုးသားသွေးလှူဘဏ် ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် သွေးအလှူရှင်များ၏ စုပေါင်းသွေးလှူဒါန်းနေမှုများကို ကြည့်ရှုအားပေးပြီး အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။