တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၄

        တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ဇွန် ၁၃ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစား ကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲ အသင်းများ၊ ဒိုင်အဖွဲ့ဝင်များနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြိုင်ပွဲဝင်အားကစားသမား များ၏ ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် အမျိုးသား/အမျိုးသမီး မီတာ ၄၀၀ လက်ဆင့်ကမ်း ပြိုင်ပွဲ၊ လှံတံပစ်ပြိုင်ပွဲ၊ မီတာ ၁၀၀ အပြေးပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများနှင့် တိုင်းမှူးတံခွန်စိုက်ဒိုင်းဆုရရှိသည့် ဘုရင့်နောင်တပ်နယ်အသင်းတို့အား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

        အဆိုပါ ပြေး၊ ခုန်၊ ပစ်ပြိုင်ပွဲကို ပြိုင်ပွဲဝင်အမျိုးသားအသင်း ၉ သင်း၊ အမျိုးသမီး အသင်း ၉ သင်းတို့ဖြင့် ဇွန် ၇ ရက်မှ ၁၃ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။