ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့်ပြည်သူများ အတွက် ထောက်ပံ့ရေးနှင့်ကူညီကယ်ဆယ်ရေးပစ္စည်းများအား တပ်မတော်(ရေ)မှ စစ်ရေယာဉ်များဖြင့် ပို့ဆောင်

နေပြည်တော်၊ ဇွန် - ၁၄

ဆိုင်ကလုန်းမုန်တိုင်း မိုခါ(MOCHA) ဖြတ်သန်းတိုက်ခတ်မှုကြောင့် ထိခိုက် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သော ရခိုင်ပြည်နယ်အတွင်းရှိ မုန်တိုင်းဒဏ်သင့် ပြည်သူ များအား လိုအပ်သောပစ္စည်းများ ကူညီထောက်ပံ့မှုများဆောင်ရွက်ပေးနိုင်ရန် တပ်မတော်(ရေ)မှ ၂၉ မီတာကမ်းထိုးရေယာဉ်ပထမအစီးသည် ရခိုင်ပြည်နယ်အစိုးရမှ သစ်ခွဲသား ဆိုဒ်စုံ ၁၉၂၈ ချောင်း၊ စုစုပေါင်း ကုန်တန်ချိန် ၄၀ တန်အား စစ်တွေမြို့၌ တင်ဆောင်၍ မင်းပြားမြို့ဆိပ်ခံတံတားသို့ ယနေ့နံနက်ပိုင်းတွင် ပို့ဆောင်ပေးသည်။

        ထို့နောက် ၂၉ မီတာကမ်းထိုးရေယာဉ်ဒုတိယအစီးသည် မြန်မာ့သစ်လုပ်ငန်းမှ မျောချောင်း ၇၁၆ ချောင်း၊ စုစုပေါင်းကုန်တန်ချိန် ၁၈ တန်အား စစ်တွေမြို့၌ တင် ဆောင်၍ ယနေ့နေ့လည်ပိုင်းတွင် ဘူးသီးတောင်သို့ ထွက်ခွာသည်။

      အဆိုပါ စစ်ရေယာဉ်များမှ သယ်ဆောင်လာသည့် ထောက်ပံ့ရေးနှင့် ကယ်ဆယ် ရေးပစ္စည်းများအား တာဝန်ရှိသူများထံသို့ စနစ်တကျလွှဲပြောင်းပေးအပ်၍ မုန်တိုင်း ဒဏ်သင့်ပြည်သူများထံသို့ အမြန်ဆုံး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။