ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့သို့ ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခြင်းနှင့် နှစ်ပတ်လည်အစည်းအဝေး ကျင်းပ
နေပြည်တော်၊ ဇွန် - ၁၅
ရန်ကုန်တိုင်းဒေသကြီးစစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့သို့ ဆန်၊ ဆီ၊ စားသောက် ကုန်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခြင်းနှင့် နှစ်ပတ်လည်အစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ အနော်ရထာခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး စစ်မှုထမ်းဟောင်းကြီး ကြပ်ရေးအဖွဲ့ နာယက တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်း နှင့် တာဝန်ရှိသူများ၊ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအတွက် ဆန်၊ ဆီ၊ စားသောက်ကုန်ပစ္စည်းများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုလက်မှတ်ရရှိကြသူများကိုလည်း ဂုဏ်ပြု ချီးမြှင့်ငွေများ ဆက်လက်ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြ သည်။
ယင်းနောက် စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူး တို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။