ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ပြည်နယ်နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ပြည်နယ်နှစ်ပတ်လည် အစည်းအဝေး ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၆

          ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ ပြည်နယ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စစ်မှုထမ်းဟောင်းကြီးကြပ်ရေး အဖွဲ့ရုံးခန်းမ၌ ပြုလုပ်ရာ စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ နာယက တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များတက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက အသီးသီး လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကာ ၎င်းတို့၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။

          ထို့နောက် တက်ရောက်လာကြသည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးကုသရေး အဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်းများ ဆောင်ရွက်ပေး နေမှုများကို တိုင်းမှူးနှင့် တာဝန် ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။