ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် အခမဲ့ သီတဂူစက္ခုဒါန အလှူတော် ပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ် အခမဲ့ သီတဂူစက္ခုဒါန အလှူတော် ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၆

နိုင်ငံတော် သြဝါဒစရိယ သောဠသမရွှေကျင် သာသနာ‌တော်ပိုင် သီတဂူ ဗုဒ္ဓတက္ကသိုလ်များနင့် သီတဂူ ဆေးရုံတော်များ၏ အဓိပတိအဘိဓဇ မဟာရဋ္ဌဂုရု  အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အရှင်သူမြတ်ကြီးမှ မေတ္တာစေတနာ ဂရုဏာများစွာဖြင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မျက်စိ ဝေဒနာရှင်များကို သီတဂူနယ်လည့် စက္ခုဒါနအဖွဲ့က မျက်စိအထူးကု ဆရာဝန်များနှင့် အဖွဲ့ဝင်များက ဒုတိယအကြိမ် အခမဲ့ မျက်စိစမ်းသပ် ခွဲစိတ်ကုသပေးခြင်းများကို ဇွန်လ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ စမ်းသပ်စစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ရာ မျက်စိဝေဒနာရှင် ၁၄၀၅ ဦးအား စမ်းသပ်စစ်ဆေးပေးနိုင်ခဲ့ပြီး ခွဲစိတ်ကုသရန်လိုအပ်သူ မျက်စိဝေဒနာရှင် ၃၀၀ ဦးခန့်အနက်မှ ယနေ့အထိ ၂၅၆ ဦးကို ခွဲစိတ်ကုသ ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လာရောက်ကုသသည့် မျက်စိဝေဒနာရှင်များနှင့် မိသားစုဝင်များ၏ နေထိုင်စားသောက်ရေးကို စီစဉ်ဆောင်ရွက် ပေးထားပြီး ဒုတိယအကြိမ်အဖြစ် မျက်စိခွဲစိတ် ကုသခြင်းများကို ဇွန်လ ၁၈ ရက်နေ့အထိ ကုသပေးသွားမည် ဖြစ်ကြောင်းနှင့် သီတဂူစက္ခုဒါန အလှူတော်များကို ရန်ကုန်တိုင်း ဒေသကြီးအတွင်း တတိယအကြိမ် ထပ်မံဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။