ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်သင်တန်း PPTT (၉/၂၃) သင်တန်းသား၊ သင်တန်းသူများ အား ကြိုဆိုပွဲ ပြုလုပ်

ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်သင်တန်း PPTT (၉/၂၃) သင်တန်းသား၊ သင်တန်းသူများ အား ကြိုဆိုပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၁၇

              ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးဒီဂရီကောလိပ်၊ လုပ်ငန်းခွင် အကြိုမူလတန်းဆရာအတတ်သင်တန်း PPTT (၉/၂၃) သင်တန်းသား၊ သင်တန်းသူများ အား ကြိုဆိုပွဲအား ဇွန် ၁၆ ရက် နံနက်ပိုင်းတွင် အဆိုပါပညာရေးဒီဂရီကောလိပ်ရှိ ပညာ့ ဗိမာန်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင် နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

              ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံပညာရေးဒီဂရီ ကောလိပ်အတွက် ထောက်ပံ့ငွေများ ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူ သည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သင်တန်းသူများ၏ ပအို့ နှင့် ဓနုရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။