ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင် ကျင်းပ

ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ပထမအကြိမ် ဘွဲ့နှင်းသဘင် ကျင်းပ

နေပြည်တော်၊ ဇွန် - ၁၈

    ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ပထမအကြိမ်ဘွဲ့နှင်းသဘင်ကို ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ  ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ သီလရှင်စာသင်တိုက်ကြီး၌ ပြုလုပ်ရာ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်ကြီးများနှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ကြီး၏ ဒုတိယအဓိပတိ နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ သန်လျင်မင်းကျောင်း ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ အမှူး ပြုသော ပင့်သံဃာတော်များ၊ ဆေကဝတီဗုဒ္ဓတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ) အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဆေကဝတီ ဘွဲ့ရ သီလရှင်ဆရာလေးများ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဉီးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းမြင့်ခိုင် နှင့် တာဝန်ရှိသူ များ၊ ဖိတ်ကြားထားသော ဒါယိကာ၊ ဒါယကာမများ တက်ရောက်ကြသည်။ ဉီးစွာ ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာဘိဝံသ နှင့် ဆရာတော်  အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ  ဝိနယာလင်္ကာရ ထံမှ သမ္မောဒနိယ သြဝါဒကထာကို နာယူကြသည်။ ထို့နောက် ဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဆရာတော်၊ သံဃာတော်များ ထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဆေကဝတီဗုဒ္ဓတက္ကသိုလ် မော်ကွန်းထိန်း ဆရာတော်က  BA (Buddhist Studies) ဘွဲ့တော်ယူမည့် ဆရာလေးများအား ကြေညာ၍ ပါမောက္ခချုပ်ဆရာတော်ထံ ဘွဲ့တော်ခံယူစေကာ ဗုဒ္ဓဘာသာဆိုင်ရာ ဒီပလိုမာ(Diploma Buddhist Studies) တန်းကို အောင်မြင်တော်မူကြသော သီလရှင်ဆရာလေးများအား အောင်လက်မှတ် ပေးအပ်ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။