ခင်ဦး၊ ခိုးမှု
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ပင်တင်းကျေးရွာ၌ ဖောက်ထွင်းခံရသော ရွှေ၊ ငွေရတနာ တန်ဖိုးငွေကျပ်သိန်း ၇၅၀ ကျော်မှငွေကျပ်သိန်း ၅၅၀ ခန့်ပြန်လည်ရရှိကြောင်း မြို့မရဲစခန်းမှသိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်ည ၉ နာရီခန့်က ခင်ဦးမြို့နယ် ပင်တင်းကျေးရွာလမ်းဘေးရှိ ဝင်းထရံ၌ချိတ်ထား သော မသင်္ကာစရာ အထုပ်တစ်ထုပ်တွေ့ရှိရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ရဲစခန်းသို့အကြောင်း ကြားသဖြင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်ဆွေ၊ နယ်ထိန်းခေါင်းဆောင်ဒုတိယ ရဲအုပ် ကျော်လင်းဖြိုး တို့ဦးဆောင်သော တပ်ဖွဲ့ဝင်များသွားရောက်၍ ၎င်းအိတ်ထဲမှရွှေထည်ပစ္စည်း ၂၂ မျိုး၊ ငွေစက္ကူရောရာနှင့် ရွှေဘောင်ချာခုနစ်ရွက်တို့ကို တွေ့ရှိရသဖြင့် စစ်ဆေးနေစဉ် ဖောက်ထွင်းခိုးယူခံရသော အိမ်၏မြောက်ဘက် ကောက်ရိုးစဉ်အောက် မှရွှေလက်ကောက်နှစ်ကွင်း ထပ်မံတွေ့ရှိသည်။ ဖောက်ထွင်းခိုးယူခံထားရသော ရွှေ၊ ငွေရတနာပစ္စည်းမျိုးစုံ ၂၆ မျိုးတန်ဖိုးငွေကျပ် ၇၅၅၅၀၀၀၀ မှရွှေထည်ပစ္စည်း ၂၃ မျိုး တန်ဖိုးငွေကျပ် ၅၅၅၀၀၀၀၀ ကိုပြန်လည် ရရှိပြီးဖြစ်ကြောင်းနှင့် ကျန်ရှိသောရွှေထည် ပစ္စည်းသုံးမျိုး၊ ငွေကျပ် ၈၃ သိန်းနှင့် အတူတရားခံအမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိသည်။
နိုဝင်ဘာ ၁ ရက်နံနက် ၉ နာရီခန့်တွင်ရွှေ၊ ငွေရတနာပစ္စည်းမျိုးစုံ ၂၆ မျိုးတန်ဖိုးငွေကျပ် ၆၇၂၅၀၀၀၀ နှင့်ငွေ စက္ကူရောရာ ငွေကျပ် ၈၃၀၀၀၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၇၅၅၅၀၀၀၀ ဖောက်ထွင်းခိုးယူခံရသဖြင့် နိုဝင်ဘာ၂ ရက်တွင် ခင်ဦးမြို့မရဲစခန်း၌(ပ) ၃၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၅၄ ဖြင့်အမှုဖွင့် တိုင်ကြား ထားခြင်းဖြစ်ကြောင်း ခင်ဦးမြို့မရဲစခန်းမှ သိရသည်။
စံကျော်အုန်း