အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲအတွက် မဲခွဲမှုအပြီး၌ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း အုပ်စု (C) တွင်ကျရောက်
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲအတွက် မဲခွဲမှု အပြီး၌ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်း သည် အုပ်စု (C) တွင် ထိုင်း၊ ဖိလစ်ပိုင် ယူ-၁၉ အမျိုးသမီးအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကြောင်း သိရသည်။
အာဆီယံ ယူ-၁၉ အမျိုးသမီး ချန်ပီယံရှစ်ပြိုင်ပွဲကို အာဆီယံဒေသတွင်းမှ ပြိုင်ပွဲဝင်အသင်း ၁၀ သင်းဖြင့် လေးသင်းပါ တစ်အုပ်စုနှင့် သုံးသင်းပါနှစ်အုပ်စုဖြင့် ကျင်းပမည်ဖြစ်သည်။
အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲအတွက် မဲခွဲမှုအပြီး၌ အုပ်စု (A) တွင် အိမ်ရှင်အင်ဒိုနီးရှား ယူ-၁၉ အမျိုးသမီးအသင်း၊ ကမ္ဘောဒီးယား ယူ-၁၉ အမျိုးသမီးအသင်း၊ လာအို ယူ-၁၉ အမျိုး သမီးအသင်းနှင့် တီမောလက်စ်တေ ယူ-၁၉ အမျိုးသမီးအသင်း၊ အုပ်စု (B) တွင် ဗီယက် နမ် ယူ-၁၉ အမျိုးသမီးအသင်း၊ မလေးရှား ယူ-၁၉ အမျိုးသမီးအသင်းနှင့် စင်ကာပူ ယူ-၁၉ အမျိုးသမီးအသင်း၊ အုပ်စု (C) တွင် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်း၊ မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ဖိလစ်ပိုင် ယူ-၁၉ အမျိုးသမီးအသင်းတို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြသည်။
အာဆီယံ ယူ-၁၉ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲကို ဇူလိုင် ၅ ရက်မှ ၁၇ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့၌ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမရရှိသည့် သုံးသင်းနှင့် အကောင်းဆုံး အုပ်စုဒုတိယ ရရှိသည့် တစ်သင်းမှာ ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရမည်ဖြစ်ကြောင်း သိရသည်။
စည်သူအောင်