Sky Net ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲများယှဉ်ပြိုင်ထိုးသတ်
ရန်ကုန် ဇွန် ၁၈
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူးပြီး ရွှေသံလွင်မီဒီယာကစီစဉ်ပြုလုပ်သည့် Sky Net ရွှေအောင်လံမြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်များကို ယနေ့နေ့လယ်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလမ်းရှိ သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ကျင်းပသည်။
စိန်ခေါ်ပွဲစဉ်ဖြစ်သည့် နိုင်အောင်ရှင်(Lethwei Warriors)နှင့် ဒေါင်းဖြိုးဝေ(ဒေါင်းဖြိုးဝေ)တို့ပွဲတွင် ပွဲစသည်နှင့် နှစ်ဦး လုံးဖွင့်ထိုးခဲ့ကြရာ နိုင်အောင်ရှင်၏အားပါ သောလက်သီးထိုးချက်များကြောင့် ဒေါင်း ဖြိုးဝေ အမှတ်စဉ်နှစ်ကြိမ် ရေတွက်ခံရပြီး တတိယအချီတွင် အနားတောင်းခဲ့ရသည်။ ထို့နောက် ဆက်လက်ယှဉ်ပြိုင် ခဲ့သော်လည်း နိုင်အောင်ရှင်၏ အလဲထိုးလက်သီးထိုးချက်ကြောင့် တတိယအချီမှာပင် ဒေါင်းဖြိုးေ၀ အရှုံးပေးခဲ့ရသည်။ ထို့အတူ နောက်ထပ်စိန်ခေါ်ပွဲဖြစ်သည့် ဟံသာဝတီ (Lethwei Warriors)နှင့် စောကော်ထူး(ရွှေဘားလား)တို့ပွဲတွင် နှစ်ဦးလုံးက ခြေကန်ချက်ကိုအားသန်ကြပြီး ယှဉ်ပြိုင်ထိုးသတ်ကြရာ တတိယအချီတွင် ဟံသာဝတီ၏ ဒူးတိုက်ချက်ထိမှန်ပြီး စောကော်ထူး အမှတ်စဉ်ရေတွက်ခံရကာ ဆက်လက်မယှဉ်ပြိုင်နိုင်သည့်အတွက် ဟံသာဝတီက တတိယအချီ ၁ မိနစ် ၃၄ စက္ကန့်အရောက်တွင် အလဲထိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဗိုလ်လုပွဲစဉ်များဖြစ်သည့် ၅၇ ကီလိုတန်း သွေးလင်းထက်(ဒေါနတောင်ခြေ)နှင့် လှိုင်းထက်အောင် (ရွှေကုက္ကို)တို့ပွဲစဉ်တွင် ပထမအချီ၌ တစ်ယောက်အမှားတစ်ယောက်စောင့်ထိုးခဲ့ကြပြီး ဒုတိယအချီမှ စတင်၍ သူတင်ကိုယ်တင်ယှဉ်ပြိုင်ထိုးသတ်ကြရာ ပွဲမှာအပြန်အလှန်ရှိခဲ့သည်။ နောက်အချီများတွင် သွေးလင်းထက်က အသာစီး ရယူထိုးသတ်ခဲ့ပြီး ငါးချီပြည့်သည်အထိ အနိုင်အရှုံးမပေါ်သဖြင့် ဒိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် သွေးလင်းထက်က အနိုင်ရရှိခဲ့သည်။
၆၀ ကီလိုတန်းတွင် ကျောက်ခဲ(ရာမည အားမာန်)နှင့် သန့်ဇင်(တော်ဝင်ဧရာ)တို့ ပွဲစဉ်တွင် သူတစ်ပြန်ကိုယ်တစ်ပြန် ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြပြီး သန့်ဇင်၏ခြေကန်ချက်များကြောင့် လေးချီမြောက်တွင် ကျောက်ခဲ အမှတ်စဉ်ရေတွက်ခံရကာ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်းမရှိသည့်အတွက် သန့်ဇင်က အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
၆၃ ဒသမ ၅ ကီလိုတန်းတွင် စိန်လုံးချော (အောင်နိုင်သူ)၏ကန်ချက်ကြောင့် ပထမ အချီ ၂၃ စက္ကန့်တွင် ဝီလျှံ(ဒို့ရိုးရာ) အနားတောင်းခဲ့ရပြီး ပထမအချီ ၁ မိနစ် ၈ စက္ကန့်တွင် အမှတ်စဉ်ရေတွက်ခံရကာ ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် စိန်လုံးချောက အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအနက် ၆၇ ကီလိုတန်း ခေါင်တွဲဆိုင်းဖြစ်သည့် အဖိုးသွေး(အဖြူ ရောင်သွေးသစ်)နှင့် ထက်နိုင်အောင်(ပင)တို့ပွဲတွင် နောက်ဆုံးငါးချီပြီးဆုံးသည့်တိုင် တစ်ဦးနှင့်တစ်ဦး အနိုင်အရှုံးပေါ်သည် အထိ ထိုးသတ်နိုင်ခြင်း မရှိသည့်အတွက် ဒိုင်သုံးဦးလုံးက ထက်နိုင်အောင်(ပင)ကို အနိုင်ပေးခဲ့ကြသည်။
ထက်နိုင်အောင်(ပင)သည် ကွာတားဖိုင် နယ်ပွဲစဉ်တွင် စောမြလင်း(အဲကညေား)ကို လည်းကောင်း၊ ဆီမီးဖိုင်နယ်ပွဲတွင် ကညော ခွား(ဘိလပ်မြေစက်ရုံ)ကို လည်းကောင်း အနိုင်ရရှိပြီး နောက်ဆုံးဖိုင်နယ်ပွဲ တက် ရောက်ကာ ယနေ့တွင် အဖိုးသွေး(အဖြူ ရောင်သွေးသစ်)အား ထပ်မံအနိုင်ရရှိကာ ရွှေအောင်လံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
ဝိတ်တန်းအသီးသီး၏ ဗိုလ်လုပွဲတွင် အနိုင်ရရှိသူများနှင့် ဒိုင်များအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
ဝန်းရံခ