လဟယ်မြို့နယ်၊ ခါးလယ်ကျေးရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်၊ ဇွန် - ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ လဟယ်မြို့နယ်၊ ခါးလယ်ကျေးရွာရှိ ဒေသခံပြည်သူများအား ဇွန် ၁၈ ရက်တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့များက အဆိုပါကျေးရွာရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ ဖျားနာရောဂါ၊ အရိုးအကြော ရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရောဂါ၊ အသည်းရောဂါ၊ သားဖွားမီးယပ် ရောဂါ၊ မျက်စိရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဒေသခံပြည်သူ ၁၂၉ ဦးတို့ကိုလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။