ပီအက်စ်ဂျီအသင်းက လစ်လပ်နေသည့် အသင်းနည်းပြရာထူးအတွက် စပိန်အသင်းနည်းပြဟောင်း အင်းနရစ်ကို ခန့်အပ်ရန် နီးစပ်နေ
ပီအက်စ်ဂျီအသင်းက လစ်လပ်နေသည့်အသင်း နည်းပြရာထူးအတွက် စပိန်အသင်းနည်းပြဟောင်း အင်းနရစ်ကို ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ပီအက်စ်ဂျီအသင်းသည် ၂၀၂၁-၂၀၂၂ ဘောလုံး ရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့ သည့်အတွက် နည်းပြပိုချက်တီနိုကို ရာထူးမှထုတ် ပယ်ပြီးနောက် နည်းပြသစ်အဖြစ် ဂယ်တီယာကို နှစ်နှစ်စာချုပ်ဖြင့် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။
သို့သော် နည်းပြဂယ်တီယာအနေဖြင့် ပြည်တွင်း လိဂ်ပြိုင်ပွဲတွင် ချန်ပီယံဆုရရှိအောင် စွမ်းဆောင်ပေး နိုင်ခဲ့သော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ကွာတားဖိုင် နယ်အဆင့်မှပင် ထွက်ခွာခဲ့ရသည့်အတွက် ပီအက်စ်ဂျီ အသင်းအနေဖြင့် နည်းပြဂယ်တီယာနှင့် စာချုပ်သက်တမ်း တစ်နှစ်ကျန်ရှိ နေသေးသော်လည်း အသင်း နည်းပြရာထူးမှ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။
ပီအက်စ်ဂျီအသင်းသည် လာမည့်ဘောလုံးရာသီတွင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အောင်မြင်မှုရရှိရန်အတွက် အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ရန် ပြင်ဆင်ထားပြီး မက်ဆီကို လက်လွှတ်ခဲ့သကဲ့သို့ နေမာကို လည်း လက်လွှတ်ရန် ဆုံးဖြတ်ထားပြီး ကစားသမားသစ်များ အင်အားဖြည့်တင်းရန်အတွက် နည်းပြသစ်ကို ဦးစွာခန့်အပ်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
ပီအက်စ်ဂျီ အသင်းသည် အစောပိုင်းက နည်းပြသစ်အဖြစ် ဘိုင်ယန်မြူးနစ်အသင်း နည်းပြဟောင်း နာဂယ်စမန်းကို ခန့်အပ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သဖြင့် အာဆင်နယ်အသင်းနည်းပြ အာတီတာကို ခန့်အပ်ရန် ဆက်လက်ကမ်းလှမ်းခဲ့ရာ ပယ်ချခံခဲ့ရသည့်အတွက် ယခုအခါ နည်းပြသစ် အဖြစ် အင်းနရစ်ကို ခန့်အပ်ရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
နည်းပြအင်းနရစ်သည်လည်း ၂၀၂၂ ကမ္ဘာ့ ဖလားပြိုင်ပွဲအပြီးတွင် စပိန်အသင်းနည်းပြရာထူးမှ နုတ်ထွက်ခဲ့ပြီးနောက် လက်ရှိတွင် ကလပ်အသင်း လက်မဲ့ဖြစ်နေပြီး မကြာမီ ပီအက်စ်ဂျီအသင်း နည်းပြ သစ်ဖြစ်လာမည် ဖြစ်ကြောင်း သိရသည်။
Ref;Goal.com