ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲတွင် နယ်သာလန်အသင်းကို အနိုင်ရရှိပြီး အီတလီအသင်း တတိယဆုကို နှစ်ကြိမ်ဆက်ဆွတ်ခူး

ဥရောပနေးရှင်းလိဂ်ပြိုင်ပွဲတွင် နယ်သာလန်အသင်းကို အနိုင်ရရှိပြီး အီတလီအသင်း တတိယဆုကို နှစ်ကြိမ်ဆက်ဆွတ်ခူး

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပနေးရှင်း လိဂ်ပြိုင်ပွဲ တတိယနေရာလုပွဲစဉ်အဖြစ် နယ်သာလန် အသင်းနှင့်      အီတလီအသင်းတို့ ယှဉ်ပြိုင်ကစားရာ အပြန်အလှန်သွင်းဂိုးများဖြင့်     အီတလီအသင်းက အနိုင်ရရှိပြီး  တတိယဆုကို  နှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံးအပြန်အလှန် ဖိအားပေးမှုများဖြင့်  အကြိတ်အနယ်ရှိခဲ့ပြီး   နယ်သာလန် အသင်းအတွက် သွင်းဂိုးများကို  ပွဲချိန်  ၆၈ မိနစ်တွင် ဘက်ဂျဝင်၊  ပွဲချိန်  ၈၉ မိနစ်တွင်  ဝင်နယ်ဒမ်တို့က သွင်းယူပေးနိုင်ခဲ့ပြီး အီတလီအသင်းအတွက် သွင်းဂိုး များကို  ပွဲချိန်ခြောက်မိနစ်တွင် ဒီမာကို၊ ပွဲချိန် မိနစ် ၂၀ တွင် ဖာတက်ဆီနှင့် ပွဲချိန် ၇၂ မိနစ်တွင်  ချီယေ ဆာတို့က  သွင်းယူပေးနိုင်ခဲ့သည့်အတွက် ၃ ဂိုး- ၂ဂိုးဖြင့် အနိုင်ရရှိပြီး တတိယဆုကို နှစ်ကြိမ်ဆက်ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်သည်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ ဥရောပနေးရှင်းလိဂ် ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်၌ နယ်သာလန်အသင်းက ခရိုအေးရှားအသင်းကို အချိန်ပိုတွင် ၄ ဂိုး- ၂ ဂိုးဖြင့် ရှုံးနိမ့်ပြီး အီတလီအသင်းက စပိန်အသင်းကို  ၂ ဂိုး- ၁  ဂိုးဖြင့်  ရှုံးနိမ့်သည့်အတွက် တတိယနေရာလုပွဲသာ ကစားခဲ့ရခြင်းဖြစ်သည်။

နယ်သာလန်အသင်းသည် နည်းပြသစ်ဗန်ဂါးလ် လက်ထက်တွင်  ရလဒ်ကောင်းများ  ဆက်တိုက်ရရှိအောင်  စွမ်းဆောင်နိုင်ခဲ့သော်လည်း  လက်ရှိနည်းပြ ကိုးလ်မန်းလက်ထက်တွင်    လေးပွဲဆက်ရှုံးနိမ့်ထားကြောင်း သိရသည်။             

Ref;Sky Sports