ရန်ကုန်၊ ဘောလုံး
မြန်မာ ယူ-၂၂ လက်ရွေးစင် တိုက်စစ်မှူး အောင်ကောင်းမာန်သည် ယခုနှစ်ဘောလုံး ရာသီအစတွင် ဧရာဝတီ ယူနိုက်တက်အသင်းမှ ထိုင်းလိဂ်-၁ ကလပ် ထရက်အသင်းသို့ ပြောင်းရွှေ့ခဲ့သော်လည်း သြဂုတ် ၂၉ ရက်က ထိုင်းလိဂ်-၂ ကလပ် လမ်ပန်အသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ပြီး အသင်း၌ ခြေစွမ်းပြနိုင်ရန်ကြိုးစားနေကြောင်း ဖွင့်ဟပြောသည်။
“အသင်းသစ် လမ်ပန်အသင်းမှာ အထိုင်ကျပြီး ခြေစွမ်းပြနိုင်ဖို့ကြိုးစားနေပါတယ်။ ကစားတဲ့နေရာအပြောင်း အလဲရော အသင်းဖော်အချင်းချင်းနားလည်မှုအရပါ အခက်အခဲတော့ရှိပါတယ်။ အသင်းဖော်တွေနဲ့လည်း အချိတ်အဆက်မမိတဲ့ ပေးပို့မှုတွေ၊ ကစားပုံတွေက ကျွန်တော့်ကို အသားကျ ဖို့ခက်ခဲစေပါတယ်။ ဘာပဲဖြစ်ဖြစ် အသင်း မှာ ပုံစံကောင်းရဖို့ အကောင်းဆုံးကြိုးစား ပါမယ်” ဟု အောင်ကောင်းမာန်ကပြော သည်။
အသက် ၂၁ နှစ်အရွယ် အောင်ကောင်း မာန်သည် ဧရာဝတီယူနိုက်တက်အသင်းမှ ယခုနှစ် ဇန်နဝါရီလတွင် ထိုင်းလိဂ်-၁ ကလပ် ထရက်အသင်းသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကာ လစာဘတ်တစ်သိန်း ရရှိသည်။ ထို့နောက် ထိုင်းလိဂ်-၂ကလပ် လမ်ပန်အသင်းသို့ အငှားဖြင့် ထပ်မံပြောင်း ရွှေ့ခဲ့သော်လည်း လစာငွေပြောင်း လဲခြင်း မရှိကြောင်း သိရသည်။
လမ်ပန်အသင်းသည် ယခုနှစ်ဘောလုံး ရာသီတွင် လိဂ်-၂ ပွဲစဉ် ၁၂ ပွဲ ကစား ထားရာ လေးပွဲနိုင်၊ တစ်ပွဲသရေ၊ ခုနစ်ပွဲရှုံး ရမှတ် ၁၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် (၁၃) နေရာ၌ ရပ်တည်နေသည်။
ကိုရဲ