လန်ဒန်၊ ဘောလုံး
ချယ်လ်ဆီးအသင်းသည် နိုဝင်ဘာ ၄ ရက်ညက ရင်းနက်စ်နှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ် ကစားရာတွင် သုံးဂိုးပြတ်အနိုင်ရရှိပြီး တိုက်စစ်မှူး တီမိုဝါနာသည် ပယ်နယ်တီမှ နှစ်ဂိုးသွင်းယူကာ ၎င်းအား ပယ်နယ်တီ ကန်သွင်းသူအဖြစ် ခွင့်ပြုပေးခဲ့သော ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုအား နည်းပြလမ်းပတ် က ပရော် ဖက်ရှင်နယ်ပီသသူဟု ချီးကျူး စကားဆိုခဲ့သည်။
ယခင်က ချယ်လ်ဆီးအသင်း၏ ပယ်နယ်တီများကို ဂျော်ဂျင်ဟိုက အဓိက ကန်သွင်းသူအဖြစ် တာဝန်ယူရပြီး ပထမဆုံး ပယ်နယ်တီရှစ်ဂိုးစလုံး ဂိုးဝင်ခဲ့သော်လည်း ပြီးခဲ့သည့် လီဗာပူး၊ ကရက်စ်နိုဒါတို့နှင့်ပွဲများတွင် ပယ်နယ်တီ နှစ်ဂိုးလွဲချော်ခဲ့သည့်အတွက် ကရက်စ်နိုဒါနှင့်ပွဲ ပွဲချိန်နှောင်းပိုင်းရသည့် ပယ်နယ်တီကို တီမိုဝါနာ က ပြောင်းကန်ပြီး ဂိုးရရှိခဲ့သည်။ ထို့နောက် လမ်းပတ်သည် တီမိုဝါနာနှင့် ဂျော်ဂျင်ဟိုတို့နှစ်ဦးကို မျက်နှာချင်း ဆိုင်ခေါ်ယူတွေ့ဆုံကာ ပယ်နယ်တီ အဓိကကန်သူအဖြစ် တီမိုဝါနာအား ကန်ခိုင်းရန် တိုင်ပင်ခဲ့ပုံကို ရှင်းပြခဲ့ သည်။
လမ်းပတ်က “လွယ်ကူတဲ့ဆုံးဖြတ်ချက်တော့မဟုတ်ဘူး။ ဂျော်ဂျင်ဟိုက ပယ်နယ်တီကန်ရာမှာ အမှားအယွင်း မရှိသလောက်ကို ကောင်းခဲ့တဲ့သူဖြစ်လို့ပါ။ တီမိုက ကရက်စ်နိုဒါနဲ့ပွဲမှာ ပယ်နယ်တီကန်ခဲ့တယ်။ နှစ်ယောက် စလုံးနဲ့ ဒီကိစ္စစကားပြောခဲ့ရာမှာ ဂျော်ဂျင်ဟိုရဲ့အဖြေက ပရော်ဖက်ရှင်နယ် ဆန်လွန်းခဲ့တယ်။ ဘယ်သူ ပယ်နယ်တီကန်ကန် ဂိုးရဖို့က အရေးအကြီးဆုံးလို့ပြောခဲ့တယ်” ဟုပြောသည်။
Ref:Dailymail