ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ မိုးရာသီ စုပေါင်းသစ်ပင် စိုက်ပျိုးပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၀

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကို ယနေ့နံနက်ပိုင်းတွင် မင်္ဂလာဒုံမြို့နယ်ရှိ လှော်ကားရေဝေရေလဲဒေသ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ များအား စိုက်ပျိုးမည့် ပျိုးပင်များ ဝေငှပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရတနာတန်းဝင်ပင်ဖြစ်သည့် မဟော်ဂနီပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး တက်ရောက် လာသူများ၏ စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။

ယနေ့ပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဌာနဆိုင်ရာများ မိုးရာသီ စုပေါင်း သစ်ပင်စိုက်ပျိုးပွဲ၌ ရတနာတန်းဝင်ပင်များဖြစ်သည့် မဟော်ဂနီပင် ၂၂၀၀၀ ပင်၊ ကျွန်း ၂၅၀၀ ပင်၊ ပျဉ်ကတိုး ၂၅၀၀ ပင် စုစုပေါင်း ၂၇၀၀၀ ပင်တို့ကို စုပေါင်း စိုက်ပျိုးခဲ့ကြောင်း သတင်းရရှိသည်။