စာဖတ်ရှိန်မြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

စာဖတ်ရှိန်မြင့်မားလာစေရန် ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေး

ဘားအံ၊ စာပေရေးရာ

ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေ ဖြင့် ပြည်သူများ စာဖတ်ရှိန်မြင့်မားလာစေရန်နှင့် စာအုပ်စာစောင်များ အလွယ်တကူ ငှားရမ်းဖတ်ရှုနိုင်စေရန် ဇွန် ၁၉  ရက်က ရွေ့လျားစာကြည့်တိုက်ဖြင့် ဘားအံမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများနှင့် အခြေခံပညာ ကျောင်းများအရောက်    စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးသည်။   

ထိုသို့   ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးရာတွင် ဘားအံမြို့ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပြည်နယ်သစ် ထုတ်လုပ်ရေး ရုံးများသို့  သွားရောက်၍ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးသည်။

ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ရွေ့လျား စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးရာတွင် E-Library Management System Software အသုံးပြု၍ Digital စနစ်ဖြင့် တနင်္လာနေ့မှ သောကြာနေ့အထိ ငှားရမ်းပေးလျက်ရှိပြီး စာဖတ်သူတစ်ဦးလျှင် နှစ်အုပ်နှုန်းဖြင့် နှစ်ပတ်အထိ ငှားရမ်းဖတ်ရှုနိုင်ကာ နှစ်ပတ်ပြည့်ပါက စာအုပ်အသစ်ဖြင့် လဲလှယ် ငှားရမ်း ပေးကြောင်း သိရသည်။

ချမ်းမြေ့