အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပြုလုပ်
နေပြည်တော်၊ ဇွန် - ၂၁
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ် တပ်ရင်း/တပ်ဖွဲ့များ၏ (၁၅)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇွန် ၂၀ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာန ချုပ် အောင်ဓမ္မသုခဗိမာန်တော်၌ ပြုလုပ်ရာ မြို့နယ်ဩဝါဒစရိယ သဒ္ဓမ္မဇောတိကဓဇ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဓိက အမှူးပြုသော သံဃာတော်များ ကြွရောက် တော်မူကြပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြို့ဦးကျောင်းတိုက် ဆရာ တော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူ သည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် ဆုတောင်းပြည့်ကျောင်းတိုက် မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အတွင်းရေးမှူး ဆရာတော် ဘဒ္ဒန္တသုခိန္ဒရိယက အောင်ဆုတောင်း အာသီသဂါထာတော်ကို ရွတ်ဖတ်ပူဇော်ပြီး အလှည့်ကျ ဆရာတော်များက ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ပူဇော်ကြသည်။
အဆိုပါ (၁၅)ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကို ဇွန် ၂၃ ရက်အထိ ရွတ်ဖတ်ပူဇော် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။