ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်မုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ဒေသအလိုက် ခန့်အပ်တာဝန်ပေးသူများက   သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်လျက်ရှိ

နေပြည်တော်၊ ဇွန် - ၂၀

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများ အဖြစ်ကြေညာချက်များ ထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသ များတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီးဖြစ်သည်။

    ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ် တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ် ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့်အတူ  အစိုးရရပ်ကွက်ရှိ ဆေးရုံကြီးဝန်းအနောက်ဘက်ခြမ်း၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရန်အတွက် ရေထွက်ပေါက်ပြန်လည်ပြုပြင်နေမှုနှင့် စေတီယျရပ်ကွက်ရှိ ငါးလုပ်ငန်းဦးစီးဌာန၊ ရေငန်ပုစွန်သားဖောက်စခန်း ဝန်ထမ်းနေအိမ် လိုင်းခန်းများ ပြန်လည်ပြုပြင်နေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားခဲ့သည်။

    အလားတူ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်း နှင့် တာဝန်ရှိသူများသည် သပြေကုန်းရပ်ကွက်ရှိ မြို့လယ်ချောင်းမှ အမှိုက်များကင်းစင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူလူထု များနှင့်အတူပူးပေါင်း၍ အမှိုက်များရှင်းလင်းခြင်း၊ ခြုံနွယ်ပေါင်းပင်များ ခုတ်ထွင် ရှင်းလင်းခြင်းနှင့် ရေမြောင်းများတူးဖော်ခြင်း ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုအားပေးသည်။

    ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနရုံးခန်းမ၌ ပြုလုပ် သော ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးမျိုးစေ့ထုတ် စံပြကွက်၊ စမ်းသပ်ကွက်များ ဆောင်ရွက်မည့် အကျိုး ဆောင်တောင်သူများအား မျိုးစပါး၊ မျိုးစေ့ထုတ်လုပ်ငန်း (၁၂၀)ဧကအတွက် မျိုးကောင်းမျိုးသန့်များ ထောက်ပံ့ပေးအပ်ခြင်းနှင့်  (MPE)ယူရီးယား ဓာတ်မြေ ဩဇာထောက်ပံ့ပေးအပ်ပွဲကို တက်ရောက်ပြီး ကျေးရွာအုပ်စု ၄ အုပ်စုမှ  တောင်သူ များသို့ မျိုးစပါး(၁၂၀)တင်းနှင့် ကျေးရွာအုပ်စု ၁၅ အုပ်စုမှ တောင်သူများအား (MPE)ယူရီးယားဓာတ်မြေဩဇာ ၁၀၀၀ အိတ် ထောက်ပံ့ပေးအပ်ကာ တက်ရောက် လာကြသည့် တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ တင်ပြချက်များအပေါ် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် မိုခါမုန် တိုင်းကြောင့် ပျက်စီးမှုရှိခဲ့သည့် တောင်သူလယ်သမားများအတွက် ထောက်ပံ့ပေးပို့ သည့် မျိုးစပါးနှင့် ဓာတ်မြေဩဇာအိတ်များ ပျက်စီးမှုမရှိဘဲ သိုလှောင်ထားနိုင်ရေး အတွက် ဆောင်ရွက်ထားရှိမှုများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် ကကျဘက်ကံပြင်ကျေးရွာအုပ်စု၊ မြို့မစေတီ တောင်ကျေးရွာရှိ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ငါးသားပေါက်စခန်းသို့သွားရောက်၍ ဘူးသီးတောင် မြို့နယ်အတွင်း ငါးမွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ငါးသားပေါက် မွေးမြူ မှု၊ ငါးသားပေါက်ဖြန့်ဖြူးထောက်ပံ့ ပေးနိုင်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သတင်းရရှိသည်။