အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲဖွင့်ပွဲပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၂

          အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့ရေကူးကန်၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေး နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တက်ရောက်လာသူများနှင့်အတူ ပြိုင်ပွဲဝင် အသင်းများ၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးသည်။

          အဆိုပါ ရေကူးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် ၁၃ ခု မှ ပြိုင်ပွဲဝင်အားကစားသမား ၉၃ ဦး၊ ရေကူးကစားနည်း ၆ မျိုးဖြင့် ယနေ့မှ ၂၆ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။