၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် အာရှချန်ပီယံလိဂ်နှင့် အေအက်ဖ်စီဖလား ပြိုင်ပွဲအတွက် လိုင်စင်ရ ကလပ်အသင်းများကိုထုတ်ပြန်ရာ မြန်မာနိုင်ငံက အသင်းအများဆုံးဖြင့် ရပ်တည်

၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် အာရှချန်ပီယံလိဂ်နှင့် အေအက်ဖ်စီဖလား ပြိုင်ပွဲအတွက် လိုင်စင်ရ ကလပ်အသင်းများကိုထုတ်ပြန်ရာ မြန်မာနိုင်ငံက အသင်းအများဆုံးဖြင့် ရပ်တည်

အာရှဘောလုံးအဖွဲ့ချုပ်(အေအက်ဖ်စီ)က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် အေအက်ဖ်စီဖလားပြိုင်ပွဲတို့တွင်    ပါဝင်ယှဉ်ပြိုင်ရန် လိုင်စင်ရကလပ် အသင်းများကို  ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံက  အာဆီယံဒေသတွင်း၌   လိုင်စင်ရကလပ်အသင်း အများဆုံးဖြင့်  ထိပ်ဆုံး၌ရပ်တည်ခဲ့ကြောင်း   သိရသည်။

အာရှဘောလုံး အဖွဲ့ချုပ်၏ သတ်မှတ်ချက်များအရ   မြန်မာနိုင်ငံမှ  ထိပ်တန်းအသင်းကြီးများဖြစ်ကြသည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းအပါအဝင်      အာရှချန်ပီယံလိဂ်နှင့် အေအက်ဖ်စီ ဖလားပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ရန်  လိုင်စင်ရရှိသည့် ကလပ်အသင်း ၁၂ သင်းအထိရှိခဲ့သည်။

လိုင်စင်ရကလပ်အသင်းများ   စာရင်းထုတ်ပြန်ရာတွင် အာဆီယံဒေသတွင်းမှ မြန်မာနိုင်ငံပြီးလျှင် ထိုင်းနိုင်ငံမှ ကိုးသင်း၊ ဗီယက်နမ်နိုင်ငံမှ  ရှစ်သင်း၊   မလေးရှားနိုင်ငံမှ  ခုနစ်သင်း၊   အင်ဒိုနီးရှားနိုင်ငံမှ ခြောက်သင်းက အာရှချန်ပီယံလိဂ်ပြိုင်ပွဲ၊ တစ်သင်းက    အေအက်ဖ်စီဖလားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရန် လိုင်စင်ရရှိထားသည်။

အလားတူ  စင်ကာပူနိုင်ငံမှ သုံးသင်း၊ ဖိလစ်ပိုင်နိုင်ငံမှ နှစ်သင်းမှာ အာရှချန်ပီယံလိဂ်နှင့် တစ်သင်းမှာ အေအက်ဖ်စီဖလား ပြိုင်ပွဲတို့တွင် ပါဝင်ယှဉ်ပြိုင်ရန် လိုင်စင်ရရှိထားသည်။

အာရှချန်ပီယံလိဂ်ပြိုင်ပွဲ လိုင်စင်မရရှိသေးဘဲ အေအက်ဖ်စီဖလားပြိုင်ပွဲလိုင်စင်ကို ကမ္ဘောဒီးယားနိုင်ငံက ရှစ်သင်း၊ ဘရူနိုင်းနိုင်ငံက နှစ်သင်း၊ လာအိုနိုင်ငံက တစ်သင်းရရှိထားကြောင်း  သိရသည်။                      

စည်သူအောင်