ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် တရားမဝင် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ တန်ကျော် ဖမ်းဆီးရမိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်တွင် တရားမဝင် သယ်ဆောင်လာသည့် ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း(ကဖင်း) ၁ တန်ကျော် ဖမ်းဆီးရမိ

နေပြည်တော်  ဇွန်  ၂၂

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန်လ ၂၁ ရက်နေ့ နံနက် ၇ နာရီအချိန် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ မြို့ကြီးရှာဖွေ စစ်ဆေးရေးစခန်းတွင် ဟံမြင့်မိုရ်ဘက်မှ ရွာငံဘက်သို့ အောင်ကိုကိုဦး မောင်းနှင်ပြီး ဟေမာန်သိန်း လိုက်ပါလာသည့်  NISSAN ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်တွင် နွားချေးများဖြင့် ဖုံးအုပ်၍ တရားမဝင် သယ်ဆောင်လာသည့် ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၄၂၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း) ၁ တန်ကျော် သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ထိန်းချုပ်ဓာတုပစ္စည်း (ကဖင်း)များအား မန္တလေးတိုင်းဒေသကြီးမှ ရှမ်းပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းင်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။  

ရဲပြန်ကြား