အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

နေပြည်တော်၊ ဇွန် - ၂၃

          အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့်အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ ဒုတိယတိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူး က စစ်တုရင်ပထမဆုံးရွှေ့ကွက်ကို ရွှေ့၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။-

          အဆိုပါ စစ်တုရင်ပြိုင်ပွဲကို  တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် ၁၃ ခု မှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇွန် ၂၇ ရက်အထိ ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။