အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၌ (၁၅)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲပြုလုပ်

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၌ (၁၅)ကြိမ် မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၃

        အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် အမ်းတပ်နယ်ရှိ တပ်ရင်း/ တပ်ဖွဲ့များ၌ (၁၅)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲကို ယနေ့နံနက် ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အောင်ဓမ္မသုခဗိမာန်တော်၌ ပြုလုပ်ရာ မြို့နယ်ဩဝါဒစရိယ သဒ္ဓမ္မဇောတိကဓဇ မြို့ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပညာဓိက အမှူးပြုသော သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဘဒ္ဒန္တဝဏ္ဏိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြကာ ဝတ်ရွတ် အသင်းတို့က ပဋ္ဌာန်းအမွှန်းကို ရွတ်ဖတ်ပူဇော်ကြသည်။ ထို့နောက် မြို့ဦးကျောင်းတိုက် ဆရာတော်က ဩဝါဒချီးမြှင့်ပေးသည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တက်ရောက် လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။                                                                        

ထို့နောက် စပ်စီကျောင်းဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတ က ပဋ္ဌာန်းအနုမောဒနာ ဂါထာကို ရွတ်ဖတ်ပူဇော်ပြီး ဆုတောင်းပြည့်ကျောင်းတိုက် မြို့နယ် သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် အတွင်းရေးမှူးဆရာတော် ဘဒ္ဒန္တ သုခိန္ဒရိယ က အောင်ဂါထာ ရွတ်ဖတ်ပူဇော်ပေးသည်။ ယင်းနောက် မြို့ဦးကျောင်းတိုက်ဆရာတော်ထံမှ အနုမော ဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။