စပိန်လာလီဂါ အဖွဲ့ချုပ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲကို သြဂုတ် ၁၃ ရက်တွင် စတင်ကျင်းပမည်

စပိန်လာလီဂါ အဖွဲ့ချုပ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲကို သြဂုတ် ၁၃ ရက်တွင် စတင်ကျင်းပမည်

    စပိန်လာလီဂါအဖွဲ့ချုပ်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲကို  သြဂုတ် ၁၃ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ဘာစီလိုနာအသင်း အနေဖြင့် အဖွင့်ပွဲစဉ်တွင် ဂီတာဖေးလ်အသင်းနှင့် ကစားရမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၂-၂၀၂၃ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲတွင် ဘာစီလိုနာအသင်းက ပြိုင်ပွဲပြီးဆုံးချိန် ရမှတ် ၈၈ မှတ်ဖြင့် အဆင့်(၂) နေရာမှ ရီးယဲလ်မက်ဒရစ်အသင်းကို ရမှတ် ၁၀ မှတ်ဖြတ်ထားပြီး (၂၇) ကြိမ်မြောက် စပိန်လာလီဂါချန်ပီယံဆုကို  ဆွတ်ခူးနိုင်ခဲ့သည်။

၂၀၂၂-၂၀၂၃    ဘောလုံးရာသီပြီးဆုံးချိန်တွင်  ချန်ပီယံ ဘာစီလိုနာအသင်း၊ ရီးယဲလ်မက်ဒရစ်အသင်း၊ အက်သလက်တီကိုအသင်းနှင့် ဆိုစီဒက်စ် အသင်းတို့က   ချန်ပီယံလိဂ်ပြိုင်ပွဲ၊   ဗီလာရီးယဲလ်အသင်းနှင့် ဘက်တစ်အသင်းတို့က  ယူရိုပါလိဂ်ပြိုင်ပွဲနှင့် အိုဆာဆူနာအသင်းက ယူရိုပါကွန်ဖရန့်လိဂ် ပြိုင်ပွဲသို့ အသီးသီး ဝင်ခွင့်ရရှိခဲ့သည်။

ပြီးခဲ့သည့် ဘောလုံးရာသီတွင် ဗယ်လ်ကာနိုအသင်း၊ အက်စ်ပန်ညိုအသင်းနှင့် အယ်ချီအသင်းတို့မှာ စပိန် လာလီဂါပြိုင်ပွဲမှ  တန်းဆင်းခဲ့ရပြီး စပိန်လာလီဂါ လိဂ်-၂ ပြိုင်ပွဲမှ ဂရန်နာဒါအသင်းနှင့် လက်စ်ပါးမက် အသင်းတို့က တိုက်ရိုက်တန်း တက်လာခဲ့ကာ အလာဗက်အသင်းက ရှုံးထွက်အဆင့်မှ တန်းတက်ခဲ့သည်။

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ စပိန်လာလီဂါပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် သြဂုတ် ၁၃ ရက်တွင် အယ်မာရီယာနှင့် ဗယ်လ်ကာနိုအသင်း၊ ဘီလ်ဘာအိုနှင့် ရီးယဲလ်မက်ဒရစ်အသင်း၊ အက်သလက်တီကိုနှင့် ဂရန်နာဒါအသင်း၊ ကာဒစ်ဖ်နှင့် အလာဗက်အသင်း၊ ဆယ်လ်တာဗီဂိုနှင့် အိုဆာဆူနာအသင်း၊ ဂီတာဖေးလ်နှင့် ဘာစီလိုနာအသင်း၊ လက်စ်ပါးမက်နှင့် မာယော့ကာအသင်း၊ ဆိုစီဒက်စ်နှင့် ဂီရိုနာအသင်း၊ ဆီဗီလာနှင့်ဗလင်စီယာအသင်း၊   ဗီလာရီးယဲလ်နှင့်   ဘက်တစ်အသင်းတို့ ကစားမည် ဖြစ်ကြောင်း သိရသည်။

Ref;Dailymail