သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများတွင် တပ်မတော်မှ ကူညီကယ်ဆယ် ရေးအဖွဲ့များက ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်၊ ဇွန် - ၂၄
သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရသည့် ဒေသများတွင် လိုအပ်သည့် ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရေး အတွက် တပ်မတော်မှ ကြိုတင်စုဖွဲ့စေလွှတ်ထားသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ပူးပေါင်း၍ သက်ဆိုင်ရာဒေသများတွင် အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်တော်မြို့သို့ ရောက်ရှိ နေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၌ အရိပ်ရနှစ်ရှည်ပင်များ စိုက်ပျိုးပေးသည်။
အလားတူ ပုဏ္ဏားကျွန်းမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် ဌာနဆိုင်ရာများနှင့်အတူ ပုဏ္ဏားကျွန်းမြို့ရှိ အောင်မင်္ဂလာကန်ဘေး၌ အမှိုက်များ ရှင်းလင်းခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့အတူ စစ်တွေမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် ရေချမ်းပြင် ကျေးရွာရှိ လမ်းဘေး ဝဲ/ ယာ၌ အမှိုက်များ ရှင်းလင်းခြင်းနှင့် လဲကျနေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့များနှင့်ပူးပေါင်း၍ ပြင်ရှည်ကျေးရွာ၌ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသည်။
အလားတူ မြောက်ဦးမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ အမှိုက်များ ရှင်းလင်းခြင်းနှင့် လဲကျ နေသော သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ပေးပြီး နယ်လှည့်ဆေးကုသရေးအဖွဲ့ များနှင့်ပူးပေါင်း၍ ရေတခါးပေါ်တော်မူမဟာကျန်ဘုရားကြီး ကျောက်ရာဇ်ကေကျောင်းတိုက်၌ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ် သည်များ ကူညီဆောင်ရွက်ပေးသည်။
ထို့အတူ ဘူးသီးတောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များ သည် ဌာနဆိုင်ရာဝန်ထမ်းများဖြင့် ပူးပေါင်း၍ မြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
အလားတူ ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေးအဖွဲ့များသည် အစိုးရရပ်ကွက်၌ အမှိုက်များရှင်းလင်းခြင်းနှင့် သစ်ပင်၊ သစ်ကိုင်းများအား ခုတ်ထွင် ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးပြီး အစိုးရအဖွဲ့ရိပ်သာကြီးဘေး၌ အုန်းပင် များစိုက်ပျိုးပေးသည်။
ထို့အတူ ရသေ့တောင်မြို့သို့ ရောက်ရှိနေသည့် ကူညီကယ်ဆယ်ရေး အဖွဲ့များသည် နယ်လှည့်ဆေးကုသရေး အဖွဲ့များနှင့်ပူးပေါင်း၍ ကိုးတန်ကောက်ကျေးရွာ၌ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။