မုံရွာမြို့နယ်၊ ကံကြီးကျေးရွာနှင့် ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာများရှိ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

မုံရွာမြို့နယ်၊ ကံကြီးကျေးရွာနှင့် ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာများရှိ ဒေသခံပြည်သူများ အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ကံကြီးကျေးရွာရှိ ဒေသခံပြည်သူများအား ကျေးရွာဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ ခန္တီးမြို့နယ်၊ မှန်ပင်ကျေးရွာရှိ ဒေသခံ ပြည်သူများအား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌လည်ကောင်း ယနေ့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးကုသရေးအဖွဲ့များက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် သွေးတိုးရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ နှလုံး ရောဂါ၊ နား၊နှခေါင်း၊လည်ချောင်းရောဂါ၊ အရိုးနှင့်ဆိုင်သောရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ၊ အသည်းရောဂါ၊  သားဖွားမီးယပ်ရောဂါ၊ မျက်စိရောဂါ၊ ဝမ်းပျက်/ဝမ်းလျောရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ ဒေသခံပြည်သူ ၁၅၅ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

          ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။