ပြင်ဦးလွင်မြို့နယ်အတွင်း ရေစီးရေလာကောင်းမွန်စေရန် ဂဲလောင်းချောင်းတစ်လျှောက် သန့်ရှင်းရေးဆောင်ရွက်
နေပြည်တော်၊ ဇွန် - ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ဂဲလောင်းချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်၊ ပြင်ဦးလွင်တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ပိတ်ဆို့နေသော အမှိုက် များအား ရှင်းလင်းပေးခြင်း၊ သဲနှုန်းများ ဆယ်တင်ရှင်လင်းခြင်းများ ဆောင်ရွက်ပေး ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို တပ်နယ်မှ တာဝန်ရှိသူများနှင့် ခရိုင်/မြို့နယ် မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကာ ဂဲလောင်းချောင်း တစ်လျှောက် နှင့် အမျိုးသားကန်တော် ကြီးဥယျာဉ်၊ ကန်တော်ကြီး၊ ကန်တော်လေး ရေကန်များ အတွင်းသို့ ရေဝင်ရောက်မှုနှင့် ရေပိုလွှဲမှရေများ စီးဆင်းနေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။