အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၆

          အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဒိုင်း ရေကူးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ နန်းမြို့ရေကူးကန်၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

          ဦးစွာ ဒုတိယတိုင်းမှူးနှင့် တက်ရောက်လာကြသူများက အလွတ်ကူးမီတာ ၅၀ ဗိုလ်လုပွဲနှင့် လေးမျိုးကူး မီတာ ၅၀ လက်ဆင့်ကမ်း ဗိုလ်လုပွဲ ယှဉ်ပြိုင် ကစား မှုများကို ကြည့်ရှုအားပေးကြသည်။ ထို့နောက် ဆုပေးပွဲကိုဆက်လက်ပြုလုပ်ရာ တစ်ဦးချင်းဆုရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် တံခွန်စိုက်ဒိုင်းဆု ရရှိသော မန္တလေးတပ်နယ်အသင်းတို့အား ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ကြသည်။

          အဆိုပါ ရေကူးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်နယ် ၁၃ ခု မှ ပြိုင်ပွဲဝင်အားကစားသမား ၉၃ ဦး၊ ရေကူးကစားနည်း ၆ မျိုးဖြင့် ဇွန် ၂၂ ရက်မှ ယနေ့ထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။