အမ်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲ ကျင်းပပြုလုပ်

အမ်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက် ပျိုးပွဲ ကျင်းပပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၇

     အမ်းခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကြီးမှူးကျင်းပသည့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင်   အမ်းမြို့၊ ကံကော်တစ်ထောင်ဘုရားဝန်း အ တွင်း၌ ပြုလုပ်ရာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

       ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက်လာကြသူများအား ပျိုးပင်များ လွှဲပြောင်း ပေးအပ်သည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြ သူများနှင့်အတူ ပျဉ်းကတိုး ၁၂၀ ပင်၊ ပိတောက် ၅၀ ပင်၊ မဟော်ဂနီ ၇၀ ပင်၊ ရေတမာ ၅၀ ပင်၊ မန်ဂျန်ရှား ၁၇၀ ပင်၊ ကုက္ကို ၅၀ ပင်၊ ကံ့ကော် ၂၀ ပင်နှင့် သင်္ကန်း ၇၀ ပင်၊ စုစုပေါင်း ၆၀၀ ပင်တို့ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ၎င်းနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သစ်ပင် စိုက်ပျိုးနေမှုများအား လိုက်လံကြည့်ရှု ခဲ့ကြကြောင်း သတင်း ရရှိသည်။