အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၂၇

        အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း စစ်တုရင်ပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက် ရောက်ကြသည်။

       ဦးစွာ အသင်းလိုက်ဆုရရှိကြသူများနှင့် တစ်ဦးချင်းဆုရရှိသူများကို တာဝန်ရှိသူများက တစ်ဦးချင်း ဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းမှူးက ဒိုင်းဆုရရှိသော ပြင်ဦးလွင်တပ်နယ်အသင်းနှင့် ဒိုင်အဖွဲ့ ဝင်များအား ဒိုင်းဆုနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သတင်း ရရှိသည်။