ရီးယဲလ်မက်ဒရစ်အသင်းက ဝါရင့်ကွင်းလယ် ကစားသမား မိုဒရစ်ကို လာမည့် ဘောလုံးရာသီအထိ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ရီးယဲလ်မက်ဒရစ်အသင်းက ဝါရင့်ကွင်းလယ် ကစားသမား မိုဒရစ်ကို လာမည့် ဘောလုံးရာသီအထိ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆို

ရီးယဲလ်မက်ဒရစ်အသင်းက   အသင်းမှ   ဝါရင့်ကွင်းလယ်ကစားသမား  မိုဒရစ်ကို   လာမည့်ဘောလုံး ရာသီအထိ   တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ ကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် မိုဒရစ်သည် ၂၀၁၂ ခုနှစ် က စပါးအသင်းမှ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာ  အဓိကကစားသမားအဖြစ်  ခြေစွမ်းပြနိုင်ခဲ့ပြီး ဆုဖလားများစွာကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။

မိုဒရစ်နှင့် ရီးယဲလ်မက်ဒရစ် အသင်းတို့ စာချုပ်သက်တမ်းမှာ  ဇူလိုင်  ၁ ရက်တွင်  ကုန်ဆုံးမည်ဖြစ်သည့် အတွက် ရီးယဲလ်မက်ဒရစ် အသင်းက လက်ရှိအချိန်ထိ ခြေစွမ်းပြကစားနိုင်သည့် မိုဒရစ်ကို တစ်နှစ်သက်တမ်း တိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ်အသင်းနှင့်   စာချုပ်သက်တမ်း ကုန်ဆုံးတော့မည့်  မိုဒရစ်ကို  အစောပိုင်းက  ဆော်ဒီ ထိပ်တန်းကလပ် အသင်းများက   မြင့်မားသည့်လုပ်ခ လစာများဖြင့် ခေါ်ယူရန်  တရားဝင် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သော်လည်း မိုဒရစ်ကိုယ်တိုင်က ရီးယဲလ်မက် ဒရစ်အသင်းတွင်သာ ကစားသမားဘဝကို ကုန်ဆုံးလို သည့်အတွက် အသင်းနှင့် သက်တမ်းတိုး စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ရီးယဲလ်မက်ဒရစ်အသင်း နှင့်အတူ  အသင်းလိုက် အောင်မြင်မှုအပြင်  ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ကြောင်း  သိရသည်။