ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောင်းသား ကျောင်းသူများ အသိပညာဗဟုသုတရရှိစေပြီး စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ ကျင်းပ

ကျောက်ဆည်၊ လူငယ်ရေးရာ

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင်၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေပြီး     စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍  ဇွန် ၂၈ ရက်တွင် ကျောက်ဆည် မြို့နယ် အမှတ်(၈) အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး  အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကျောက်ဆည်မြို့နယ်  အမှတ်(၈) အခြေခံပညာ မူလတန်း ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးဆွေက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဖွံ့ဖြိုးပြီး ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရန် စာအုပ်များ ဖတ်ရှုကြရန် အမှာစကားပြော ကြားပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ  ဒေါ်ခင်နှင်းရီ က စာပေမြင့်မှ လူမျိုးဂုဏ်တင့်မည်၊ အလိမ္မာစာမှာရှိ၊ ပညာရဲရင့် ပွဲလယ်တင့်စေရန်နှင့် စာပေ ဖတ်ရှုခြင်းဖြင့်  ရရှိနိုင်သည့် အကျိုးကျေးဇူးများ အကြောင်းကို အသိပညာပေးပြောကြားသည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ များက သုတ၊ ရသစာအုပ်များဖတ်ရှုကြပြီး ပြသထားသည့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာ ပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်းနှင့် ကျောက်ဆည် ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့်  အသိပညာပေးဟောပြောပွဲများ၊   နံရံကပ်စာစောင်ပြပွဲများကို ကျောက်ဆည်မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။                         

ချမ်းမြေ့