ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်ကျင်းစီးပွားရေးဇုန် တည်ဆောက်ရေးဆွေးနွေးရန်အတွက် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်(၁)ဦး ပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်မှပစ်ခတ်သည်ဟု မီဒီယာများ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နန်ကျင်းစီးပွားရေးဇုန် တည်ဆောက်ရေးဆွေးနွေးရန်အတွက် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်(၁)ဦး ပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်မှပစ်ခတ်သည်ဟု မီဒီယာများ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းဖြေကြား

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ နန်ကျင်းစီးပွားရေးဇုန်တည်ဆောက်ရန်ဆွေးနွေးဖို့အတွက် တရုတ်နိုင်ငံမှ ကောင်စစ်ဝန်(၁)ဦး ပါဝင်သည့်အဖွဲ့အား နယ်ခြားစောင့်တပ်မှပစ်ခတ်သည်ဟု မီဒီယာများ၏ စွပ်စွဲချက်နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုပဲဖြေကြားထားပါသည်-

ကချင်ပြည်နယ် မြစ်ကြီးနားသတင်းနှင့်ပတ်သက်ပြီး တချို့မီဒီယာတွေ မေးမြန်းတာရှိခဲ့တယ်။ တချို့မီဒီယာများ၊ ပြည်ပမီဒီယာများကလည်း မဟုတ်မမှန်ထုတ်လွှင့်တာ လည်းရှိတယ်။ ဇွန်လ ၂၇ ရက်နေ့တွင် တရုတ်နိုင်ငံကောင်စစ်ဝန်(၁)ဦး ပါဝင်တဲ့အဖွဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ တည်ဆောက်မယ့် နန်ကျင်းစီးပွားရေး ဇုန်နဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ မြစ်ကြီးနားကို ထွက်ခွာလာတဲ့ အချိန်မှာ ပစ်ခတ်ခံရတယ်။ ပစ်ခတ်တဲ့အဖွဲ့ကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဖြစ်တယ်လို့  စွပ်စွဲမဟုတ် မမှန် လုပ်ကြံတဲ့ သတင်းများကိုတွေ့ရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  မီဒီယာများက လည်း ကျွန်တော့်ကို မေးမြန်းထားတာရှိပါတယ်။  ဖြစ်စဉ်ကတော့  တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်း မဟုတ်ပါဘူး။ သူတို့ ပြောနေတဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မှာ နန်ကျင်းစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ နယ်ခြားဒေသမှာ တပ်မတော်အချင်းချင်း ပုံမှန်လစဉ် ဆွေးနွေးနေတဲ့ ဆွေးနွေးမှုများရှိပါတယ်။ နယ်စပ် ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီး ပုံမှန်ဆွေးနွေး နေတဲ့ ဆွေးနွေးပွဲပဲဖြစ်ပါတယ်။ ဒီဆွေးနွေး ပွဲကို တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံတစ်လှည့်စီ ကျင်းပနေတာ ဖြစ်ပါတယ်။ အလားတူပါပဲ မြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့ တိုင်းပြည်တွေမှာလည်း နယ်စပ်လုံခြုံရေး ပုံမှန်အစည်းအဝေး တွေပြုလုပ်လျက်ရှိပါတယ်။ ဒီအစည်းအဝေး ကိုတက်ရောက်ဖို့အတွက် တရုတ် နိုင်ငံက တပ်မတော်ဆိုင်ရာကိုယ်စားလှယ်များ မြန်မာနိုင်ငံကို ဇွန်လ ၂၇ ရက်နေ့ နံနက်ပိုင်းမှာ ကံပိုင်တည်မှ လာရောက်ခဲ့တာဖြစ်ပါတယ်။

အဲဒီမှာ ကျွန်တော်တို့တပ်မတော်နဲ့ နယ်ခြား စောင့်တပ်ဖွဲ့တွေက သွားရောက်ကြိုဆိုခဲ့ ပါတယ်။ အဲဒီအထဲကမှ နယ်ခြားစောင့် တပ်ဖွဲ့ရဲ့ ရှေ့ပြေးဒုတိယယာဉ်က ၁၃ ကီလို မီတာအကွာလောက်မှာ လက်နက်ငယ်နဲ့ ၅ ချက်ပစ်ခတ်ခံရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူမရှိပါဘူး။  လုံခြုံရေးတပ်ဖွဲ့ဝင်များ အနေနဲ့ အဲဒီနေရာမှာ လုံခြုံရေးအရ ပြန် လည်လုံခြုံမှုရရှိအောင်  ဆောင်ရွက်ခဲ့ပါတယ်။ ပြန်လည် လုံခြုံမှုရရှိတဲ့အခါမှာ အဲဒီယာဉ်တန်းက မြစ်ကြီးနားကို ပြန်လည်ထွက်ခွာခဲ့တယ်။ မူလအစီအစဉ် အတိုင်းပဲ နှစ်ဖက်တွေ့ဆုံပြီး အစည်းအဝေးများကျင်းပခဲ့တာရှိပါတယ်။ အောင်မြင်စွာနဲ့ အစည်း အဝေးပြီးဆုံးသွားပါတယ်။ တရုတ်နိုင်ငံက တပ်မတော်ကိုယ်စားလှယ် အဖွဲ့များလည်း ပြည်ပသို့  ပြန်လည် ထွက်ခွာခဲ့ပါတယ်။ ပစ်ခတ်တဲ့အဖွဲ့တွေကလည်း KIA အဖွဲ့ဆိုတာအတည်ပြုလို့ရပါတယ်။ ပစ်ခတ်ပြီးတဲ့နောက်ပိုင်းမှာ တရုတ်- မြန်မာနှစ်နိုင်ငံ နဲ့ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားမှာ အထင်လွဲမှားမှုတွေဖြစ်လာအောင် ဘေးကနေပြီးတော့ ပြည်ဖျက်မီဒီယာများအနေနဲ့ ဝိုင်းဝန်းသွေးထိုး လှုံ့ဆော်နေတာများကိုလည်း ကျွန်တော်တို့တွေ့ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လုံခြုံရေးအရ ဆက်လက် ပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

သတင်းယောင်သတင်းမှားတွေကို ပြည်ဖျက်မီဒီယာများကလည်း အမြဲတမ်းထုတ်လွှင့် လျက်ရှိပါတယ်။ ဒီလိုထုတ်လွှင့်မှုတွေကို သတိပြုကြဖို့လိုတယ်လို့ ကျွန်တော်ပြော ချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။