အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇွန် - ၃၀

       အနောက်မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘော်လီဘော ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။

   ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်  တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်(စခန်းရုံး)အသင်းနှင့် ရွှေဘိုတပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

         အဆိုပါ ဘော်လီဘောပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့် ဇူလိုင်လ ၇ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။