ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

နေပြည်တော်၊ ဇွန် - ၃၀

         ရန်ကုန်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ်၊ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ် ဘောလုံးအားကစားကွင်း(မင်္ဂလာဒုံ)၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြ သည်။

    ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်  တက်ရောက်လာကြသူများက အဖွင့်ပွဲစဉ်ဖြစ်သည့် မင်္ဂလာဒုံတပ်နယ်ကိုယ်စားပြု အသင်းနှင့် မှော်ဘီတပ်နယ်ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

            အဆိုပါ ဘောလုံးပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၆ သင်းဖြင့် ဇူလိုင်လ ၂၈ ရက်အထိ ယှဉ်ပြိုင်ကစား သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။