အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာနှင့် ပတ်ဝန်ကျင်ကျေးရွာများရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာနှင့် ပတ်ဝန်ကျင်ကျေးရွာများရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ဇွန် - ၃၀

    ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကြို့ကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ သံဃာတော်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်တောင်တိုင်း စစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ မင်္ဂလာဇေယျုံကျောင်း တိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

    ထိုသို့ ဆောင်ရွက်ပေးရာတွင် ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ အရိုး/အကြောရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ကလေးရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ သံဃာတော် ၃ ပါး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူ ၂၅၈ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသပေးခြင်း များ ဆောင်ရွက်ပေးလျက်ရှိသည်။

       ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးပြီး ဒေသခံပြည်သူများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ် ကာ အဆိုပါကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ မေဒါနန္ဒ အား ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။