ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်၌ ယောဂီဆောင် ဆောက်လုပ်ရန် အလှူငွေလှူဒါန်း

နေပြည်တော်၊ နိုဝင်ဘာ - ၇

   

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်ရှိ သီတဂူကေတုမတီဗုဒ္ဓ တက္ကသိုလ်၌ ယောဂီဆောင် ဆောက်လုပ်ရန်အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က အလှူငွေများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့တွင် အဆိုပါ တက္ကသိုလ်၌ ပြုလုပ်သည်။

   

ဦးစွာ တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက အဆိုပါ တက္ကသိုလ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တတိက္ခသာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ပရိတ်တရားတော်များနာကြားပြီး သံဃာတော်များအား ကထိန်လျာသင်္ကန်းများ ဆက်ကပ် လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးက ယောဂီဆောင်ဆောက်လုပ်ရန်အတွက် အလှူတော်ငွေ ကျပ်သိန်း ၉၀ ကို ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးကလက်ခံရယူသည်။ ယင်းနောက် တက္ကသိုလ်၌ သီတင်းသုံးတော်မူကြသည့် သံဃာတော် ၁၈၀ ပါးတို့ကို နေ့ဆွမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူ ခဲ့ကြကြောင်း သတင်းရရှိသည်။