360 Fight Club IV မျိုးဆက်သစ်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

360 Fight Club IV မျိုးဆက်သစ်ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ရန်ကုန်မြို့၌ ကျင်းပမည်

ရန်ကုန်  ဇူလိုင်  ၂

    မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ 360 Fight Club IV မျိုးဆက်သစ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို ဇူလိုင် ၉ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလက်ဝှေ့ရုံ၌ တွဲဆိုင်း ၁၄ ဆိုင်းဖြင့် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါမျိုးဆက်သစ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ အမျိုးသား ၈၀ ကီလိုတန်းတွင် စိုင်းလုံ (ဒေါနသွေး)နှင့်  မုန်ဆမ်အောင်(လုံးချောကလပ်)၊ ၆၀ ကီလိုတန်းတွင် တမာကျား (Smart Fight Club)နှင့်  သူရိန်(ဒေါင်းမြန်မာ)၊ မင်းကို(ကမ္ဘာအေးကလပ်)နှင့် ညီရဲခန့်(YFC)၊ ၅၇ ကီလိုတန်းတွင် ဝသန်ဖြိုးဇော်(Power Punch )နှင့် ကျားရိုင်း(ကျား ဘုရင်)၊ ဒီးဒီး(YFC)နှင့် ဂျာလ(Python)၊ အောင်ရဲနိုင်(Power Punch)နှင့် မင်းမင်း (နဂါးမာန်)၊ စောကဲဒို(Holy Power))နှင့် စောလယ်ရဲ(ရိုးရာကျား)၊ ၅၄ ကီလိုတန်း တွင် ဖြိုးကိုကို(Phoenix)နှင့် ရဲကျော်အောင် (360 Sports)တို့  ထိုးသတ်ကြမည်ဖြစ်သည်။

ထို့အတူ ၅၂ ကီလိုတန်းတွင် သန်းလင်းအောင်(Ray)နှင့်  ဆိုင်မွန်(Warriors)၊ အောင်ကို(Tiger Gym)) နှင့် မြင့်မြတ်ဟိန်း (လုံးချောကလပ်)၊ အဏ္ဏဝါဟိန်း(TFC)နှင့် အောင်ကောင်းကျော်((Ray)၊ ၅၀ ကီလိုတန်းတွင် The Diamond Win( (လုံးချောကလပ်) နှင့် ဗန်လု(Holy Power)၊ ကသေဝါး(ရိုးရာကျား)နှင့် ဇော်ဒူလမရှီး(Power Punch)၊ ၃၀ ကီလိုတန်းတွင် ပနာအဲ(ရိုးရာကျား)နှင့် စောထက်အောင်(Smart Fight Club)တို့  အသီးသီးယှဉ်ပြိုင် ထိုးသတ်ကြမည်ဖြစ်သည်။

ယင်းပြိုင်ပွဲယှဉ်ပြိုင် ထိုးသတ်မှုများအား 360 Sports Facebook? Youtube Channel နှင့် Channel Kရုပ်သံလိုင်းတို့က တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ရုံဝင်ကြေးအဖြစ် ငွေကျပ် ၅၀၀၀ သတ်မှတ်ထား သော်လည်း မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားများနှင့်  360 Fight Club တွင် ယှဉ်ပြိုင်ဖူးသည့် မျိုးဆက်သစ် လက်ဝှေ့အားကစားသမားများ အခမဲ့ဝင်ရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။