တရားမဝင်သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ ကြွေထည်ပစ္စည်းများနှင့် မော်တော်ယာဉ်များ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၂
တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇွန် ၃၀ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ကော့သောင်းမြို့နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အဖွဲ့က ကော့သောင်းမြို့၏ ကမ်းနားတစ်လျှောက်ရှိ ဂိုဒေါင်များအား ရှောင်တခင်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ကော့သောင်းမြို့၊ ရွာမလမ်း၊ အိမ်အမှတ်(၃)ရှိ ဂိုဒေါင်၌ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့် Wai Wai ခေါက်ဆွဲခြောက် (၅၅၈၀) ထုပ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၀၀၀၀၀၀)ကို လည်းကောင်း၊ မြိတ်ကမ်းရိုးတန်းမြို့နယ် အကောက်ခွန်ဦးစီးဌာနမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ကျောက်ဖျာကျေးရွာ အထူးဆိပ်ရှိ တံတားများအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ရှင်ကစိန်လမ်း၊ ပြည်တန်ဂိုဒေါင် တရားဝင်စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ထိုင်းနိုင်ငံထုတ် WD စားသုံးဆီ (၇၂၀) ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၀၀၀၀၀)ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၇၀၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိပါသည်။
ထပ်မံ၍ ဇွန် ၃၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့က အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာနမှ ပဲခူးမြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးသို့ လာရောက်အပ်နှံခဲ့သော မော်တော်ယာဉ် (၃)စီးအား အသေးစိတ် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင် စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်း မရှိသည့့် Yum Yum ခေါက်ဆွဲခြောက် (၈၁၀၀)ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၁၀၀၀၀)၊ Calcium Chloride Granular (၂၅) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၂၅၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို လည်းကောင်း၊ M-150 တံဆိပ်အချိုရည် (၇၅၀၀) ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၅၀၀၀)၊ Yacth Non Dairy Creamer (၄၆၈) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၀၄၀၀၀)၊ Yacth ကပ်ကြော်မှုန့် (၁၀၀) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀)၊ Fa thai Lime Juice (၈၂၈)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၇၉၆၀၀)၊ Koh Kae Coated Peanuts with Ovaltine Flavour (၁၆၈)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၀၀၀၀)၊ 3M Ketac Cem Easymix Glass Lonomer Luting Cement Powder 30 g and Liquid 12 ml (၈၀)စုံ (ခန့်မှန်း တန်ဖိုးငွေကျပ် ၂၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan (၁)စီး (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို လည်းကောင်း၊ M-150 တံဆိပ်အချိုရည် (၇၅၀၀)ပုလင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၅၀၀၀)၊ Y acth Non Dairy Creamer (၆၉၆)အိတ် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၈၈၀၀၀)၊ Yacth ကပ်ကြော်မှုန့် (၁၀၀) အိတ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀)၊ Fa thai Lime Juice (၆၀၀)ဘူး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၀၀၀၀ )၊ Violet Milk Flavoured Wafers (၂၁၆၀ )ထုပ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၉၂၀၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Nissan Caravan (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀)ကို လည်းကောင်း၊ ပဲခူးမြို့နယ် အကောက်ခွန် ဦးစီးဌာနမှူး ဦးဆောင်သော ပူးပေါင်းအဖွဲ့က ပဲခူးမြို့၊ ရွှေသံလွင်တိုးဂိတ်အနီး၌ မော်တော်ယာဉ် (၁)စီးအား စိစစ်၍ ပဲခူးမြို့နယ်အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ ပို့ဆောင်ပြီး အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ Haier Brand New Air Conditioner (၅၁)ခု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၉၉၃၁၂၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀ )ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၅၉၄၈၉၂၀ )ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
ထို့အတူ ဇွန် ၃၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ (၁၆)မိုင် ကျောက်ချောစစ်ဆေးရေး စခန်း၌ မန္တလေးမြို့မှ ကျောက်မဲမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် နံ့သာဖြူဟု ယူဆရသောအတုံးများ (၉၅၀) ကီလိုဂရမ် (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၈၄၀၀၀၀၀ )နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့့် Yutong Express Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀ )ကို လည်းကောင်း၊ မုံရွာမြို့မှ လားရှိုးမြို့သို့မောင်းနှင်လာသည့် မော်တော်ယာဉ် (၁)စီးပေါ်မှ တရားဝင် စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် ပိတောက်ခွဲသား (ဝ.၁၀၈၃)တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Toyota Hiace Mini Bus (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၀၀၀၀၀၀ )ကိုလည်းကောင်း၊ မန္တလေး-လားရှိုး ကားလမ်း၊ မိုင်တိုင်အမှတ် (၂၁) မိုင် (၃) ဖာလုံ၌ မူဆယ်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၃)စီးအားစိစစ်ရာ အကောက်ခွန်မဲ့ပစ္စည်းများ တွေ့ရှိရသဖြင့် မန္တလေးမြို့နယ် အကောက်ခွန်ဦးစီး ဌာနမှူးရုံးသို့ ပို့ဆောင်၍ အသေးစိတ်စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်း မရှိသည့် ကျောပိုးအိတ် (၁၀၀၀)အိတ် အပအဝင် ကုန်ပစ္စည်း (၃)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၆၀၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Doungfeng Truck (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀၀၀၀၀၀၀)ကို လည်းကောင်း၊ ကျောပိုးအိတ် (၁၂၀၀)အိတ် အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၅၀၀၀၀)၊ ဆံပင်ပေါင်းဆေး (၁၂၀)ဘူး အပါအဝင် ကုန်ပစ္စည်း (၂)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso (၁)စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၀၀၀၀၀၀ )ကိုလည်းကောင်း၊ သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားသည်ထက် ပိုမိုပါရှိလာသော ထမင်းဘူး (၅၃၆)ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၅)မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၃၇၃၅၄၀)၊ ကြွေဇွန်း (၁၄၅) ကီလိုဂရမ် အပါအဝင် ကုန်ပစ္စည်း (၄)မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၃၉၇၆၁)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Cheng Long Tractor Head (၁)စီးနှင့် နောက်တွဲယာဉ် (၁)တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)ကို လည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၃၅၆၂၃၃၀၁)ကို ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဇွန်လ ၃၀ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၃၂) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၄၀၂၇၂၂၂၁)ဖြစ်ကြောင်း သတင်းရရှိသည်။
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး
ဦးဆောင်ကော်မတီ